Home > Notice> notice-13092018_01

Notice


၂၀၁၈ ခုနစ် ၊ စက်တင်ဘာ (၉)ရက်

ရန်ကုန်စတော့အိပ်ချိန်း၏ YSX Expo 2018 ကျင်းပခြင်း ပုံရိပ်များ

 

ရန်ကုန်စတော့အိပ်ချိန်းမှ ကြီးမှူးကျင်းပသည့် YSX Expo 2018 ကို ၂၀၁၈ ခု စက်တင်ဘာလ  (၉) ရက် နေ့၌ ရန်ကုန်မြို့ ပြည်လမ်း ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဌ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန် စတော့အိပ်ချိန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးယဉ်ဇော်မျိုးမှ ကျေးဇူးတင်စကားပြောကြားခဲ့ ပါသည်။

 

အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ၊ UMFCCI , MICPA နှင့် ဘဏ်များ၊ အာမခံ ကုမ္ပဏီများ ၊ စိတ်ဝင်စားသူအများပြည်သူများ စုစုပေါင်း ၈၅၀ ကျော်တက်ရောက်အားပေးခဲ့ပါသည်။

အခမ်းအနားကို  စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း ဂျပန်နိုင်ငံ အစိုးရအဖွဲ့ဝင် ၀န်ကြီး Mr. Takao OCHI ၊  ဂျပန်နိုင်ငံသံမတ်ကြီး Mr. Ichiro Maruyama ၊ရန်ကုန်တိုင်းဒေသကြီး စီမံဘဏ္ဍာ ၀န်ကြီး ဦးမြင့်သောင်း၊ ရန်ကုန်စတော့အိပ်ချိန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးယဉ်ဇော်မျိုး၊ Daiwa ငွေချေးသက်သေခံ လက်မှတ်အုပ်စု မှ Ms. Keiko Tashiro၊ ဂျပန် အိပ်ချိန်းဂရုမှ Mr. Yoshihiro Isaka တို့မှ ဖဲကြိုးဖြတ်ကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။

 

အခမ်းအနား ပထမပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးအောင်နိုင်ဦးမှ အရင်းအနှီးဈေးကွက် နှင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် ဟောပြော ကာ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အနာဂတ်အလားအလာခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရာ Voice Weekly ဂျာနယ်မှ ဒုတိယအယ်ဒီတာချုပ် ဦးဇေယျသူမှ moderator အဖြစ် ဆောင်ရွက် ပြီး ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီ (၅) ခုမှ အမှုဆောင်အရာရှိချုပ်များဖြစ်သော-

(၁) First Myanmar Investment Co., Ltd.(FMI) မှ Executive Director ဒေါ်ဇာခြည်တင်၊

(၂) Myanmar Thilawa SEZ Holdings Public Ltd.(MTSH) မှ Head of Finance ဦးမျိုးမြင့်အောင်၊

(၃) Myanmar Citizens Bank Ltd.(MCB) မှ Managing Director ဒေါက်တာ သောင်းဟန်၊

(၄) First Private Bank Ltd.(FPB) မှ Chief Executive Officer ဦးမြင့်ဇော်၊

(၅) TMH Telecom Public Co., Ltd.(TMH) မှ Executive Director ဒေါက်တာဒေါ်နန်းလဲ့ရည်စိုး တို့မှ မိမိတို့ ကုမ္ပဏီ များ၏ လက်ရှိအနေအထားနှင့် အနာဂတ် အလားအလာများကို ဆွေးနွေးခဲ့ပါသည်။

 

အစီအစဉ် ဒုတိယပိုင်းတွင် စာရေးဆရာနှင့် ဘဏ္ဍာရေးသုတေသီ ဦးကျော်မျိုးထွန်း မှ စတော့ရင်း နှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြောင်းကိုဟောပြောပို့ချပြီး မြန်မာစတော့ဈေးကွက်ခိုင်မာရေးခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရာ ရန်စတော့အိပ်ချိန်းမှ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးမှ moderator အဖြစ်ဆောင်ရွက် ပြီး

(၁) ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဌေးချွန်၊

(၂) Allan & Gleadhill မှ မန်းနေးဂျင်ဒါရိုက်တာဦးမင်းနိုင်ဦး ၊

(၃) Kyu Kyi Win & Associate မှ ဒေါ်ကြူကြူဝင်း နှင့်

(၄) IBIM သင်တန်းကျောင်းမှ ဒါရိုက်တာ ဦးအောင်သိန်းထွန်းတို့ မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

 

EXPO ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ ၊ ဘဏ္ဍာရေးသင်တန်းကျောင်းများ နှင့် အာမခံကုမ္ပဏီများ နှင့် ရန်ကုန်စတော့အိပ်ချိန်းတို့မှ ပြခန်းများ ဖွင့်လှစ်ပြသခဲ့ပြီး မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သော Stock Investment ဆိုင်ရာ ဗဟုသုတများစွာကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ထို့အပြင် စတော့ဝယ်ယူရင်းနှီးမြှုပ်နှံလိုသူများအတွက် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများမှတစ်ဆင့် စာရင်းဖွင့်လှစ်ခြင်းများ၊ ကံစမ်းမဲအစီအစဉ်များ၊ ဥာဏ်စမ်း ပဟေဠိ အစီအစဉ်များလည်းပါဝင်ပြသခဲ့ပါသည်။

 

Sincerely,

Yangon Stock Exchange Joint-Venture Co., Ltd
No. 24-26, Sule Pagoda Road, Kyauktada Township, Yangon, Myanmar
01-371274,01-371276,01-371167

 

Ribbon Cutting Ceremony

Invited guests, Investors and Participants

Exibitors

Exibitors

Exhibitors

Yangon Ballroom (Novotel Yangon Max)