Home > News Release> news-01072019_01

News Release


1st July 2019

“Appreciation for FMI’s Small Media Conference”

 

      The small media conference for First Myanmar Investment Public Co., Ltd. (FMI) was conducted at YSX building at 4:00 p.m. on 29th June 2019 (Saturday) and YSX is grateful to U Tun Tun, Chief Operating Officer for explicit explanation of the FMI’s recent business developments, key financial information and business outlook based on the audited financial statements, management discussion and analysis (MD&A), and annual report for FY 2018-19 which were disclosed on 28th June 2019 to all media.

 

      We hope that this kind of small media conference allows the media, investors and general public transparently realize about the FMI business activities (past, present and future). Moreover, we believe that the media would visualize the responsibility of listed company, financial information and its business model.

 

      Last but not least, we would like to express our sincere gratitude to the FMI, invited media such as Nikkei and Kyodo (Japanese Media), Ayeyarwady, Myawaddy, Kumudra, Modern, Eleven, Myint Ma Kha, Myanmar Business Today, the Voice, MMTimes and others as well as securities companies for their kind presence and active participation to our small media conference of FMI.

 

[Unicode]

 

First Myanmar Investment Public Co., Ltd. (FMI) ၏ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ (အသေးစား)ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၊ ၄:၀၀ အချိန်တွင် ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပြန်ထားသည့် စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများ၊ စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးချက်နှင့် လေ့လာသုံးသပ်ချက်များနှင့် နှစ်ပတ်လည်အစီရင်ခံစာများကို အခြေခံ၍ FMI ၏ လုပ်ငန်းလုပ်ဆောင်မှုများ၊ အရေးပါသော ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များနှင့် အနာဂါတ်အလား အလာများကို တက်ရောက်လာသော သတင်းမီဒီယာများအား ပြည့်ပြည့်စုံစုံ ပြန်လည်ရှင်းလင်းဖြေကြားပေး သည့်အတွက် ရန်ကုန်စတော့အိပ်ချိန်းမှ အထူးကျေးဇူးတင်ရှိပါသည်။

 

ထိုကဲ့သို့ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ (အသေးစား) များကို ပြုလုပ်ပေးခြင်းဖြင့် သတင်းမီဒီယာများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အများပြည်သူ FMI ၏ လုပ်ငန်းလုပ်ဆောင်မှုများ (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်) ကို ပွင့်လင်းမြင်သာစွာ သိရှိနားလည်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် သတင်းမီဒီယာများအနေနှင့် စာရင်းဝင်ကုမ္ပဏီ၏ တာဝန်ခံမှု၊ ဘဏ္ဍာရေးသတင်းအချက်အလက်များနှင့် ယင်း၏ စီးပွားရေးလုပ်ဆောင်မှုပုံစံ ကို ပိုမိုသိမြင်နိုင်မည်ဟု ယုံကြည်ပါသည်။

 

တက်တက်ကြွကြွပါဝင်မေးမြန်းဖြေကြားမှုများပြုလုပ်ပေးခဲ့ကြသော စာရင်းဝင်ကုမ္ပဏီ၊ Nikkeiနှင့် Kyodo (ဂျပန်မီဒီယာများ)၊ဧရာဝတီ၊ မြဝတီ၊ ကုမုဒြာ၊ မော်ဒန်၊ Eleven၊ မြစ်မခ၊ Myanamr Business Today၊ The Voice၊ MMTimes နှင့် အခြားသတင်းမီဒီယာများအပါအဝင် Securities Company များမှ တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါသည်။

 

 

 

 

 

 

Yangon Stock Exchange Joint-Venture Co., Ltd.
No. 24-26, Sule Pagoda Road, Kyauktada Township, Yangon, Myanmar
01-371274,01-371276,01-371167