Home > News Release> news-07042020_01

News Release


7th April 2020

Winners of

YSX Listed Company Award 2020

And

YSX Securities Company Award 2020

 

 

Yangon Stock Exchange (YSX) is pleased to announce the awarding stakeholders that “YSX Listed Company Award 2020” and “YSX Securities Company Award 2020” will be provided as follows in 2020. As the YSX’s trading has been operating for four years, YSX always appreciate the effort of Listed companies (LCs) and Securities companies (SCs) who are attempting to develop the capital market respectively. Consequently, YSX has started the award program in 2019 to recognize the performance of both LCs and SCs which performed actively in the market. Because YSX strongly believes that the performance of LCs and SCs are essential for frontier market like our stock market to become developed market. As a result, based on 2019, YSX distinguishes the following awards for this year.

 

(A) Listed Company Award 2020

 

(B) Securities Company Award 2020

 

(C) YSX Special Award 2020

 

YSX adds a new type of award, “YSX Special Award 2020” which is for Securities companies who significantly performed in terms of securities account opening within 2019. The purpose of giving this award is to encourage securities companies for their better performance in the foreseeable future.

 

YSX hopes that this award program will help for better market and to increase the reputation of listed companies and Securities Companies as well as to get the public awareness for Myanmar Capital Market.

 

[Unicode]

 

၂၀၂၀ ခုနှစ်အတွက် “၂၀၂၀ ခုနှစ်၊ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီဆု” နှင့် “၂၀၂၀ ခုနှစ်၊ ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီဆု” များကို ချီးမြှင့်ပေးအပ်ရန်အတွက် အောက်ပါကုမ္ပဏီများကို ရွေးချယ် ထားကြောင်း အသိပေးကြေညာအပ်ပါသည်။ ရန်ကုန်စတော့အိပ်ချိန်း၌စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နေသည်မှာ ၄ နှစ်တာကာလရှိနေပြီဖြစ်သည်နှင့်အညီ ရန်ကုန်စတော့အိပ်ချိန်းသည် မြန်မာနိုင်ငံငွေကြေးအရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသော စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက် မှတ်ကုမ္ပဏီများကို ရန်ကုန်စတော့အိပ်ချိန်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ သို့ဖြစ်၍ ရန်ကုန်စတော့ အိပ်ချိန်းသည် ၂၀၁၉ ခုနှစ်မှစတင်၍ စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံကုမ္ပဏီများ၏ စျေးကွက်အတွင်းတက်ကြွစွာ လုပ်ဆောင်ခဲ့မှုများပေါ်မူတည်၍ ဂုဏ်ပြုဆုများပေးအပ်ခြင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ထိုကဲ့သို့ဆုချီးမြှင့်ရခြင်းကြောင်းအရင်းမှာ ရန်ကုန်စတော့အိပ်ချိန်း အနေဖြင့် စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ စျေးကွက်အတွင်း ပါဝင်ဆောင်ရွက်နေခြင်းသည် “ပေါ်ထွန်းစစျေးကွက်မှ ဖွံ့ဖြိုးတိုးတက်သော စျေးကွက်ဖြစ်လာစေရန်” အတွက် အဓိကဖြစ်သည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်းမှ ရလဒ်များကို အခြေခံ၍ ရန်ကုန်စတော့အိပ်ချိန်းသည် ယခုနှစ်အတွက် ဖော်ပြပါဂုဏ်ပြုဆုများကို ခွဲခြားထားပါသည်။

 

ယခုနှစ်တွင် “၂၀၂၀ခုနှစ်၊ ရန်ကုန်စတော့အိပ်ချိန်း၏ အထူးဆု” ကို ၂၀၁၉ ခုနှစ်ကာလအတွင်း ငွေချေးသက်သေခံလက်မှတ်အကောင့်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်းသည့် သိသာထင်ရှားစွာ တိုးပွားလာသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီအား ဂုဏ်ပြုဆုအမျိုးအစားအသစ်တစ်ခုအား ထပ်မံထည့်သွင်း ပေးအပ်သွားမည်ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ပိုမိုကောင်း မွန်သောအနာဂတ်စွမ်းဆောင်ရည်များအတွက်တွန်းအားပေးသည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ပါသည်။

 

ယခုပြုလုပ်သောအစီအစဉ်သည် မြန်မာနိုင်ငံ၏ငွေကြေးအရင်းအနှီးစျေးကွက်အား အများပြည်သူသိရှိ နားလည်စေရန်နှင့်အတူ ပိုမိုကောင်းမွန်သောစျေးကွက်တစ်ခုဖြစ်လာစေရန်နှင့် စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ဂုဏ်သတင်းတိုးတက်လာစေရန်တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဟုမျှော်လင့်ပါသည်။

 

Contact

Listing Consulting Division

Listing & Trading Participant Department

Yangon Stock Exchange Joint-Venture Co., Ltd.

Tel: (+95)-9-404060432