Home > News Release> news-09072019_01

News Release


9th July 2019

“Appreciation for MTSH’s Small Media Conference”

 

      The small media conference for Myanmar Thilawa SEZ Holdings Public Co., Ltd. was conducted at YSX building at 3:00 p.m. on 8th July 2019 (Monday) and YSX is grateful to U Kyaw Zaw Wai, Chief Executive Officer, U Myo Myint Aung, Head of Finance and U Thurane Aung, Project Director for explicit explanation of the MTSH’s recent business developments in THILAWA Special Economic Zone, key financial information and business outlook based on the audited financial statements, management discussion and analysis (MD&A) for FY 2018-19 which were disclosed on 28th June 2019 to all media.

 

      We hope that this kind of small media conference allows the media, investors and general public transparently realize about the MTSH business activities (past, present and future) in THILAWA Special Economic Zone. Moreover, we believe that the media would visualize the responsibility of listed company, financial information and its business model.

 

      Last but not least, we would like to express our sincere gratitude to the MTSH, invited media such as Nikkei and Kyodo News (Japanese Media), MRTV- 4, Yangon Media Professional, The Fifth Wave, Democracy Today, MNTV, The Standard Time Digital, Eleven, Etrade, Myanmar Business Today, Myanmar Times, BETV and others as well as securities companies for their kind presence and active participation to our small media conference of MTSH.

 

[Unicode]

 

Myanmar Thilawa SEZ Holdings Public Co., Ltd.  ၏ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ (အသေးစား)ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ ၃:၀၀ အချိန်တွင် ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပြန်ထားသည့် စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများ နှင့် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးချက်၊ လေ့လာသုံးသပ်ချက်များကို အခြေခံ၍ MTSH ၏ သီလဝါအထူးစီးပွား ရေးဇုံတွင် လုပ်ငန်းလုပ်ဆောင်မှုအခြေအနေများ၊ အရေးပါသော ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များနှင့် အနာဂါတ်အလားအလာများကို တက်ရောက်လာသော သတင်းမီဒီယာများအား ပြည့်ပြည့်စုံစုံ ပြန်လည်ရှင်းလင်း ဖြေကြားပေးသည့်အတွက် ရန်ကုန်စတော့အိပ်ချိန်းမှ အထူးကျေးဇူးတင်ရှိပါသည်။

 

ထိုကဲ့သို့ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ (အသေးစား) များကို ပြုလုပ်ပေးခြင်းဖြင့် သတင်းမီဒီယာများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အများပြည်သူ MTSH ၏ သီလဝါအထူးစီးပွားရေးဇုံတွင် လုပ်ငန်းလုပ်ဆောင်မှုများ (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်) ကို ပွင့်လင်းမြင်သာစွာ သိရှိနားလည်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် သတင်းမီဒီယာများအနေနှင့် စာရင်းဝင်ကုမ္ပဏီ၏ တာဝန်ခံမှု၊ ဘဏ္ဍာရေးသတင်းအချက်အလက်များနှင့် ယင်း၏ စီးပွားရေးလုပ်ဆောင်မှုပုံစံကို ပိုမိုသိမြင်နိုင်မည်ဟု ယုံကြည်ပါသည်။

 

တက်တက်ကြွကြွ ပါဝင်မေးမြန်းဖြေကြားမှုများပြုလုပ်ပေးခဲ့ကြသော စာရင်းဝင်ကုမ္ပဏီ၊ Nikkei နှင့် Kyodo News (ဂျပန်မီဒီယာများ)၊ MRTV-4၊ Yangon Media Professional၊ The Fifth Wave၊ Democracy Today၊ MNTV၊ The Standard Time Digital၊ Eleven၊ Etrade၊ Myanmar Business Today၊ Myanmar Times၊ BETV နှင့် အခြားသတင်းမီဒီယာများအပါအဝင် Securities Company များမှတာဝန်ရှိသူများအားကျေးဇူးအထူးတင်ရှိပါသည်။

 

 

 

Yangon Stock Exchange Joint-Venture Co., Ltd.
No. 24-26, Sule Pagoda Road, Kyauktada Township, Yangon, Myanmar
01-371274,01-371276,01-371167