Home > News Release> news-22032019_01

News Release


22nd March 2019

 

Winners of

YSX Listed Company Award 2019

and

YSX Securities Company Award 2019

 

Yangon Stock Exchange (YSX) is pleased to announce that “YSX Listed Company Award 2019” and YSX Securities Company Award 2019” will be provided at YSX’s 3rd Anniversary which will be held on 25th March, 2019. YSX’s trading has been operating for three years, it is now the right time to start appreciating all listed companies (LCs) and securities companies (SCs) who are attempting to develop the market respectively. Consequently, YSX recognizes LCs and SCs which performed very actively in the market and we recognize that the business performances of LCs and SCs are essential for frontier market to become full-fledged market. As a result, YSX distinguishes the following awards for this year.

 

(A) YSX Listed Company Award 2019

 

 

(B) YSX Securities Company Award 2019

 

YSX hopes that this program will help to build for better market and to increase the reputation of LCs and SCs as well as to get the public awareness for Myanmar Capital Market.

 

 

[Unicode]

၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရန်ကုန်စတော့အိပ်ချိန်း၏ ၃ နှစ်ပြည့်၊ နှစ်ပတ် လည်အခမ်းအနား၌ “၂၀၁၉ ခုနှစ်အတွက် ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီဆု”နှင့် “၂၀၁၉ ခုနှစ်အတွက် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီဆု” များကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ ရန်ကုန်စတော့အိပ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို အရောင်း အဝယ်ပြုလုပ်နေသည်မှာ ၃ နှစ်တာကာလရှိပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြသော စာရင်းဝင်ကုမ္ပဏီ များနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား လုပ်ငန်းစွမ်းဆောင်ရည်ဆုများ စတင်ချီးမြှင့် ရမည့်အချိန်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆုချီးမြှင့်ရခြင်းမှာ ရန်ကုန်စတော့အိပ်ချိန်းအနေဖြင့် စာရင်းဝင် ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ စျေးကွက်အတွင်း တက်ကြွစွာ လုပ်ဆောင် ခဲ့မှုများအား သိရှိနားလည်ပြီး၊ ထိုလုပ်ဆောင်ချက်များသည် “ပေါ်ထွန်းစစျေးကွက်မှ အတောင်အလက် ပြည့်စုံသော စျေးကွက်ဖြစ်လာစေရန်” အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အဓိကကျသော အချက် များဖြစ်သောကြောင့်ဖြစ်ပါသည်။ အဆိုပါအကြောင်းအရာများကို အခြေခံ၍ ယခုနှစ်တွင် ရန်ကုန် စတော့အိပ်ချိန်းသည် အောက်ဖော်ပြပါဆုများအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
ယခုပြုလုပ်သောအစီအစဉ်သည် မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက်အား အများပြည်သူသိရှိနားလည် စေရန်နှင့်အတူ ပိုမိုတိုးတက်ကောင်းမွန်သော စျေးကွက်တစ်ခုဖြစ်လာစေရန်နှင့် စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ဂုဏ်သတင်းတိုးတက်လာစေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဟု မျှော်လင့်ပါသည်။

 

Contact

Listing Consulting Division

Listing and Trading Participant Department

Yangon Stock Exchange Joint-Venture Co., Ltd.

Tel: (+95)-9-404060432