Home > News Release> news-26072017_01

News Release


26th July 2017

[Zawgyi]

YSX စာရင္းဝင္ အမ်ားပိုင္ကုမၸဏီမ်ားအား အခြန္ေလွ်ာ့ေပါ့ျခင္း

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး႐ံုးသည္ ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၂၆ ရက္တြင္ အမိန္႕ေႀကာ္ျငာစာအမွတ္ ၇၆/၂၀၁၇ အရ ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ အမ်ားပိုင္ကုမၸဏီမ်ားအား အခြန္ေလွ်ာ့ေပါ့ေပးလိုက္သည္။
အမိန္႕ေႀကာ္ျငာစာ အျပည့္အစံုမွာ –
၁။ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနသည္ ၂၀၁၇ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒပုဒ္မ ၃၁၊ ပုဒ္မခြဲ (ခ)၊ ပုဒ္မခြဲငယ္ (၂)ပါ လုပ္ပိုင္ခြင့္ကို က်င့္သံုး၍ ျပည္ေထာင္စု အစိုးရအဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ အမ်ားပိုင္ ကုမၸဏီမ်ားအတြက္ ေအာက္ပါအတိုင္း ဝင္ေငြခြန္ သက္သာခြင့္ျပဳလိုက္သည္ –
(က) စာရင္းဝင္ကုမၸဏီမ်ားအေပၚ ဝင္ေငြခြန္ဥပေဒပုဒ္မ ၆ အရ သက္သာခြင့္မ်ား မႏုတ္ပယ္မီ စုစုေပါင္း အသားတင္အျမတ္ ဝင္ေငြအေပၚ ၂၀%ျဖင့္ ဝင္ေငြခြန္ ထမ္းေဆာင္ခြင့္၊
(ခ) စာရင္းဝင္ကုမၸဏီမ်ားအေနျဖင့္ ယခင္က ဝင္ေငြခြန္အျပည့္အဝ ထမ္းေဆာင္ရန္ ပ်က္ကြက္မႈ႐ွိပါက ရန္ကုန္စေတာ့အိတ္ခ်ိန္းသို႕ စာရင္းဝင္သည့္ ဘ႑ာေရးႏွစ္ မတိုင္မီ ၿပီးခဲ့သည့္ ဘ႑ေရး (၂) ႏွစ္အတြက္ ဝင္ေငြအမွန္ကို ေဖာ္ထုတ္၍ က်သင့္ဝင္ေငြခြန္ေပးေဆာင္ခြင့္ႏွင့္ ဝင္ေငြခြန္ဥပေဒအရ ဒဏ္တပ္႐ိုက္ျခင္းႏွင့္ တရားစြဲဆိုျခင္းတို႕မွကင္းလြတ္ခြင့္၊
၂။ ဤအမိ္န္႕ေႀကာ္ျငာစာသည္ ၂၀၁၇-၂၀၁၈ ဝင္ေငြႏွစ္မွ စတင္အက်ိဳးသက္ေရာက္ေစရမည္။

 

[Unicode]

YSX စာရင်းဝင် အများပိုင်ကုမ္ပဏီများအား အခွန်လျှော့ပေါ့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၇၆/၂၀၁၇ အရ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီများအား အခွန်လျှော့ပေါ့ပေးလိုက်သည်။
အမိန့်ကြော်ငြာစာ အပြည့်အစုံမှာ –
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင် ကုမ္ပဏီများအတွက် အောက်ပါအတိုင်း ဝင်ငွေခွန် သက်သာခွင့်ပြုလိုက်သည် –
(က) စာရင်းဝင်ကုမ္ပဏီများအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်ပယ်မီ စုစုပေါင်း အသားတင်အမြတ် ဝင်ငွေအပေါ် ၂၀%ဖြင့် ဝင်ငွေခွန် ထမ်းဆောင်ခွင့်၊
(ခ) စာရင်းဝင်ကုမ္ပဏီများအနေဖြင့် ယခင်က ဝင်ငွေခွန်အပြည့်အဝ ထမ်းဆောင်ရန် ပျက်ကွက်မှုရှိပါက ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်သည့် ဘဏ္ဍာရေးနှစ် မတိုင်မီ ပြီးခဲ့သည့် ဘဏ္ဍရေး (၂) နှစ်အတွက် ဝင်ငွေအမှန်ကို ဖော်ထုတ်၍ ကျသင့်ဝင်ငွေခွန်ပေးဆောင်ခွင့်နှင့် ဝင်ငွေခွန်ဥပဒေအရ ဒဏ်တပ်ရိုက်ခြင်းနှင့် တရားစွဲဆိုခြင်းတို့မှကင်းလွတ်ခွင့်၊
၂။ ဤအမိန့်ကြော်ငြာစာသည် ၂၀၁၇-၂၀၁၈ ဝင်ငွေနှစ်မှ စတင်အကျိုးသက်ရောက်စေရမည်။