Home > News Release> news-29052020_01

News Release


29th May 2020

“Appreciation for EFR’s Listing on YSX”

 

The first listing day program of Ever Flow River Group Public Co., Ltd. (EFR) was successfully held, with compliance of COVID-19 Guidelines of Government, at YSX building at 9:30 a.m. on 28th May 2020 (Thursday) and its share trading was started at the same time.
 

In the listing program, it was a great honor to display a video message by U Maung Maung Win, Deputy Minister of the Ministry of Planning, Finance and Industry/Chairman of the Securities and Exchange Commission of Myanmar (SECM) for an opening remark, congratulatory video message by U Yin Zaw Myo, Managing Director of YSX and a thanking video message by U Kyaw Lwin Oo, Chairman of Ever Flow River Group Public Co., Ltd (EFR) for successful listing.
 

In addition, it was very grateful to U Kyaw Lwin Oo, Chairman of Ever Flow River Group Public Co., Ltd., Daw Tin May Oo, commissioner of SECM and U Kyi Lwin, Director of YSX for ringing the “Aung Ze Ya Tu” bell of YSX at the first matching time (10:00 am).
 

The closing price of Ever Flow River Group Public Co., Ltd (EFR) was MMK 2,700 which reached high MMK 400 and jumped up 17.39% above its based price on the first trading day. EFRs’ total trading value was over 84 million and total trading volume was 31,196. We believe that EFR would bring the new investment opportunity for our valuable investors in the market.
 

 

[Unicode]

Ever Flow River Group Public Co., Ltd. (EFR) ၏ စာရင်းဝင်အစီအစဉ် ကို COVID-19 ရောဂါတားဆီးကာကွယ်ရေး အစီအမံများနှင့် အညီ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် ရန်ကုန်စတော့အိပ်ချိန်း၌ ပြုလုပ်ခဲ့ပြီး ယင်းနေ့ တွင် ပထမဆုံး အစုရှယ်ယာ ရောင်း ဝယ်မှုကိုစတင်ခဲ့ပါသည်။

 

Ever Flow River Group Public Co., Ltd. (EFR) အား ရန်ကုန်စတော့အိပ်ချိန်းတွင် အောင်မြင်စွာ စာရင်းဝင်နိုင်ခြင်းအတွက် အဖွင့်အမှာစကားမိန့်ခွန်းဗီဒီယိုအား ပေးပို့ပေးပါသော စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၊ဥက္ကဌ၊ ဉီးမောင်မောင်းဝင်း၊ ဂုဏ်ပြုအမှာစကားဗီဒီယိုမိန့်ခွန်းအား ပေးပို့ ပေးပါသောရန်ကုန်စတော့အိပ်ချိန်း၊မန်နေဂျင်းဒါရိုက်တာ၊ ဉီးယဉ်ဇော်မျိုးနှင့် ကျေးဇူးတင်ဗီဒီယို မိန့်ခွန်းအားပေးပို့ပေးပါသော Ever Flow River Group Public Co., Ltd. (EFR) ၏ ဥက္ကဌ၊ ဉီးကျော်လွင်ဉီးအား အထူးကျေးဇူးတင်ရှိပါသည်။

 

အစီအစဉ်အရ ပထမဆုံးဈေးနှုန်းဖွင့်လှစ်ချိန်၊နံနက်(၁၀:၀၀) နာရီတိတိအချိန် ၌ Ever Flow River Group Public Co., Ltd. (EFR) ၏ ဥက္ကဌ၊ ဉီးကျော်လွင်ဉီး၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၊ အဖွဲ့ဝင်၊ ဒေါ်တင်မေဉီး နှင့်ရန်ကုန်စတော့အိပ်ချိန်း ဒါရိုက်တာ၊ ဉီးကြည်လွင်တို့မှ ရန်ကုန်စတော့အိပ်ချိန်း၏ “အောင်ဇေယျတု” ခေါင်းလောင်းအား သုံးကြိမ်တီးခတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

 

ယင်းနေ့တွင် Ever Flow River Group Public Co., Ltd. (EFR) ၏ အစုရှယ်ယာဈေးနှုန်းမှာ ၂၇၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး အခြေခံဈေးနှုန်းထက် ၄၀၀ ကျပ်မြင့်တက်ခဲ့ပါသည်။ ရာခိုင်နှုန်းအား ဖြင့် (၁၇.၃၉%) ဖြစ်ပါသည်။ စုစုပေါင်းကျပ် ၈၄ သန်းကျော်အရောင်းအဝယ်ဖြစ်ခဲ့ပြီး စုစုပေါင်း အစုရှယ်ယာ စောင်ရေ (၃၁၁၉၆) စောင်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ Ever Flow River Group Public Co., Ltd. (EFR) သည်  ရင်းနှီးမြှုပ်နှံသူများအတွက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်များ ကို ယူဆောင်ပေးနိုင်တော့မည်ဖြစ်ပါသည်။

 

 

 

 

Yangon Stock Exchange Joint-Venture Co., Ltd.
No. 24-26, Sule Pagoda Road, Kyauktada Township, Yangon, Myanmar
01-371274,01-371276,01-371167