Home > Notice> notice-05112021_01

Notice


5th November, 2021

Requirement to submit Corporate Governance Report and Independent Director Notification

The submission of Corporate Governance Report (hereinafter “CG Report”) and Independent Director Notification (hereinafter “ID Notification”), which were officially prescribed in the Securities Listing Business Regulations in this year January, has been postponed so far due to the social circumstances like the spread of COVID-19.

Now YSX would like to inform that listed companies must submit CG Report and ID Notification by the end of December this year.

CG Report is needed to contain corporate information for the financial year ended in September 2020; provided, however, listed companies are required to describe the latest status of their governance structure if there has been any updates in corporate governance since September 2020.

If listed companies have any questions about how to prepare CG Report and ID Notification, the Listing and Trading Participant Department of YSX will be pleased to help.

After CG Report and ID Notification have been submitted from listed companies, they will be confirmed by the L&TP Dept. and announced for public.

 

ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အစီရင်ခံစာနှင့် သီးခြားလွတ်လပ်သော ဒါရိုက်တာ နှင့် စပ်လျဥ်း၍ အသိပေးချက် အကြောင်း တင်ပြရန် လိုအပ်ချက်

 

ယခုနှစ် ဇန်နဝါရီလ၌ ငွေချေးသက်သေခံလက်မှတ်များ စာရင်းဝင်ခြင်းဆိုင်ရာ လုပ်ငန်းစည်းမျဥ်းများတွင် တရားဝင် ပြဋ္ဌာန်းထားသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အစီရင်ခံစာ (နောင်တွင် “CG Report”ဟု ရည်ညွှန်းမည်) နှင့် သီးခြားလွတ်လပ်သော ဒါရိုက်တာနှင့် စပ်လျဥ်း၍ အသိပေးချက် (နောင်တွင် “ID Notification”ဟု ရည်ညွှန်းမည်) တင်ပြခြင်းကို Covid-19 ရောဂါပျံနှံ့မှု အစရှိသော လူမှုရေးဆိုင်ရာ အခြေအနေများကြောင့် ‌ ယခုအချိန်အထိ ရွှေ့ဆိုင်းထားခဲ့ရပါသည်။

 

ယခုအခါ YSXမှ စာရင်းဝင်ကုမ္ပဏီများကို ယခုနှစ် ဒီဇင်ဘာလအကုန် နောက်ဆုံးထား၍ CG Report နှင့် ID Notification များကို တင်ပြရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

CG Report တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကုန်ဆုံးခဲ့သော ဘဏ္ဍာရေးနှစ်နှင့် သက်ဆိုင်သော ကော်ပိုရိတ်ဆိုင်ရာ အချက်အလက်များ ပါရှိရန် လိုအပ်ပါသည်။ သို့သော် ၂၀၂၀ခုနှစ် စက်တင်ဘာလမှစ၍ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုတွင် ပြောင်းလဲပြင်ဆင်မှုများ ရှိခဲ့ပါက ယင်းစီမံအုပ်ချုပ်မှု ဖွဲ့စည်းပုံ၏ နောက်ဆုံးအခြေအနေကို စာရင်းဝင်ကုမ္ပဏီများ အနေဖြင့် ထည့်သွင်းဖော်ပြပေးရန် လိုအပ်ပါသည်။

 

စာရင်းဝင်ကုမ္ပဏီများတွင် CG Reportနှင့် ID Notification များကို ပြုစုပြင်ဆင်ခြင်းနှင့် စပ်လျဥ်း၍ မရှင်းလင်းသည့်အချက်များ၊ မေးခွန်းများ ရှိခဲ့ပါက YSX ၏ Listing and Trading Participant Department မှ လိုအပ်သော အကူအညီများ ပေးအပ်သွားပါမည်။

 

CG Reportနှင့် ID Notification များကို စာရင်းဝင်ကုမ္ပဏီများမှ တင်ပြပြီးသောအခါ ယင်းစာရွက်စာတမ်းများကို Listing and Trading Participant Department မှ အတည်ပြုပြီးနောက် အများပြည်သူ သိရှိစေရန် အလို့ငှာ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။

 

Contact:

Listing and Trading Participant Department

Yangon Stock Exchange Joint-Venture Co., Ltd.

Tel: (+95)-1-371167