Home > Notice> notice-13082024_01

Notice


13th August 2024

Announcement of the Base Price (MADPL)

The base price of Myanma Agricultural & General Development Public Co., Ltd (MADPL), which will be registered on Pre Listing Board (PLB) of YSX on 14th August, 2024, its upper and lower limit price, and the tick size of the registration date are as follows:
 
* Base price : MMK 20,000
* Upper limit price : MMK 25,000
* Lower limit price : MMK 15,000
* Tick size : MMK 500

 
“Base price” is the price to determine the “upper and lower limit price” of the day. The price is not intended to mean a kind of predetermined or anticipated matching price.
 
Investors may place a “Limit order” at any price between the upper and lower limit price or “Market order” not to name the price for gaining priority to buy or sell a stock.
 
If investors place a Market order, it does not mean it will always be matched at the base price. It can be matched between the upper and lower limit prices based on the balance of supply and demand.

 

“အခြေခံစျေးနှုန်း ထုတ်ပြန်ကြေညာချက်”

 
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် ၌ မှတ်ပုံတင်ကုမ္ပဏီ အဖြစ် ဝင်ရောက်လာမည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (MADPL )၏ မှတ်ပုံတင်မည့်နေ့ရက်ရှိ အခြေခံ စျေးနှုန်း၊ အမြင့်ဆုံး/အနိမ့်ဆုံးစျေးနှုန်း သတ်မှတ်ချက် နှင့် တစ်ချက်ခုန်စျေးနှုန်း တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
 
* အခြေခံစျေးနှုန်း : မြန်မာကျပ် ၂၀,၀၀၀
* အမြင့်ဆုံး စျေးနှုန်းသတ်မှတ်ချက် : မြန်မာကျပ် ၂၅,၀၀၀
* အနိမ့်ဆုံး စျေးနှုန်းသတ်မှတ်ချက် : မြန်မာကျပ် ၁၅,၀၀၀
* တစ်ချက်ခုန်စျေးနှုန်း : မြန်မာကျပ် ၅၀၀

 
အခြေခံစျေးနှုန်း (Base Price) ဆိုသည်မှာ အရောင်းအဝယ်ပြုလုပ်သည့် နေ့ရက်တစ်ရက်ရှိ အမြင့်ဆုံးဈေးနှုန်း (Upper Limit Price) နှင့် အနိမ့်ဆုံးဈေးနှုန်း (Lower Limit Price) သတ်မှတ်ချက်ကို ဆုံးဖြတ်နိုင်ရန်အတွက် ဖြစ်ပါသည်။ ယင်းစျေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော သို့မဟုတ် မျှော်မှန်းထားသော အရောင်းအဝယ်ဖြစ်သည့် စျေးနှုန်း အဖြစ် အဓိပ္ပါယ်သက်ရောက်စေရန် မရည်ရွယ်ပါ။
 
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမြင့်ဆုံးနှင့် အနိမ့်ဆုံး စျေးနှုန်းသတ်မှတ်ချက်အတွင်းရှိ မည်သည့် စျေးနှုန်းနှင့်မဆို “ကန့်သတ်ဈေးနှုန်းအမှာစာ” ကို တင်နိုင်သကဲ့သို့ စတော့အရောင်းဖြစ်စေ၊ အဝယ်ဖြစ်စေ ဦးစားပေးခြင်းခံရသော စျေးနှုန်းသတ်မှတ်စရာမလိုသည့် “စျေးကွက်ပေါက်စျေးအမှာစာ” ကိုလည်း ပေးပို့နိုင်ပါသည်။
 
အကယ်၍ ရင်းနှီးမြှုပ်နှံသူများမှ စျေးကွက်ပေါက်စျေးအမှာစာအဖြစ် သတ်မှတ်ထားပါက ယင်း အမှာစာသည် အခြေခံစျေးနှုန်း၌သာ အမြဲတမ်းအရောင်းအဝယ်ဖြစ်မည်ဟု မှတ်ယူ၍ မရနိုင်ပါ။ ဝယ်လိုအားနှင့် ရောင်းလိုအား ပေါ်မူတည်၍ အမြင့်ဆုံးနှင့် အနိမ့်ဆုံး စျေးနှုန်းသတ်မှတ်ချက်အတွင်းရှိ စျေးနှုန်းတရပ်၌သာ အရောင်းအဝယ် ဖြစ်နိုင်မည် ဖြစ်ပါသည်။

 
 
Contact

Market Department
Tel: (+95)-1-371167