Home > Notice> notice-21082020_01

Notice


21st August 2020

☘️ရန်ကုန်စတော့အိပ်ချိန်းမှ ကြီးမှုးကျင်းပမည့်
YSX EXPO 2020 (1st Online Exhibition and Live Seminar) နှင့် (Live) ဆွေးနွေးပွဲများ☘️

 

✅ရန်ကုန်စတော့အိပ်ချိန်းမှ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနေတဲ့ YSX EXPO ပွဲကြီးကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကြောင့် လူစုလူဝေးဖြင့် ကျင်းပရသည့် အခမ်းအနား ပုံစံမျိုး မဟုတ်ပဲ Web-Based Online Platform တစ်ခုအား အသုံးပြုပြီး Digital Exhibition ပုံစံမျိုး ဖြင့် ယခုနှစ်တွင် စက်တင်ဘာလ (၁၂) ရက်နေ့ နှင့် (၁၃) ရက်နေ့ များတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်

 

✅ယင်း YSX EXPO 2020 (1st Online Exhibition and Live Seminar) Digital Platform မှ တဆင့် မြန်မာနိုင်ငံအနှံအပြားရှိ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ပါဝင်လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်… အခန်းကဏ္ဍများစွာ ပါဝင်ပြသထားမှာ ဖြစ်လို့ မိမိနှစ်သက်ရာ ပြခန်းများ ၊ Interview Talk များ ၊ Live ဆွေးနွေးပွဲများ ကို လေ့လာနိုင်တဲ့ လက်မလွှတ်သင့် တဲ့ Online Exhibition တစ်ခုဖြစ်ပါတယ်..

♦️ Interview Talk Program ♦️

♦️စတော့ရင်းနှီးမြှုပ်နှံမှုကို စိတ်ပါဝင်စားသော ရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီများဖြစ်ကြတဲ့…..

▶️First Myanmar Investment Public Co.,Ltd.(FMI)၊
▶️Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH)၊
▶️Myanmar Citizens Bank Limited (MCB)၊
▶️First Private Bank Limited (FPB)၊
▶️TMH Telecom Public Co.,Ltd. (TMH)၊
▶️Ever Flow River Group Public Co., Ltd. (EFR)

တို့မှ တာဝန်ရှိသူများက COVID-19 ကာလအတွင်း အထိအခိုက်အနည်းဆုံးဖြစ်အောင် ကုမ္ပဏီအတွင်းမှာ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေကို လျင်လျင်မြန်မြန် လုပ်ဆောင်ခဲ့ကြသလဲ၊ မြန်မာနိုင်ငံရဲ့ COVID-19 အလွန် စီးပွားရေးအခြေအနေကို ဘယ်လိုမျှော်လင့်ထားလဲ …ဆိုတာတွေကို “Interview Talk” အစီအစဉ် ဖြင့်ပြသသွားမှာဖြစ်ပါတယ်….

 

♦️ ဒါကြောင့် အစုရှယ်ယာရှင်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လက်မလွတ်ရလေအောင် ဒီ Registration Link (https://ysx.expo2020.online (or) http://ysx.expo2020.online) ကနေ တဆင့် ကြိုတင် စာရင်းပေးသွင်းပြီး ကြည့်ရှုနိုင် ပါတယ်…

 

💠(Live) ဆွေးနွေးပွဲများ💠

 

🔹ဘဏ္ဍာရေးနယ်ပယ်အသီးသီးမှ ထင်ရှားသော ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ COVID-19 အလွန် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများအား သုံးသပ်ဆွေးနွေးသွားမည့် (Panel Discussion) စကားဝိုင်းဆွေးနွေးပွဲ (Live) တိုက်ရိုက်ထုတ်လွှင့်မှု ပထမပိုင်း အစီအစဉ် အဖြစ် လည်းကောင်း၊

 

🔹မြန်မာနိုင်ငံ၏ စတော့ဈေးကွက်တွင် နိုင်ငံခြားသားများ ပါဝင် ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် ပတ်သတ်၍ သုံးသပ်ဆွေးနွေးသွားမည့် (Panel Discussion) စကားဝိုင်းဆွေးနွေးပွဲ (Live) တိုက်ရိုက် ထုတ်လွှင့်မှု ဒုတိယပိုင်း အစီအစဉ် အဖြစ် လည်းကောင်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ် ….

 

🔹ဒါကြောင့် မြန်မာနိုင်ငံရဲ့ စတော့ရှယ်ယာ ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုကို စိတ်ပါဝင်စားသူများ ဒီ Registration Link (https://ysx.expo2020.online) ကနေ တဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြ ပါတယ်…

 

🔰Digital Booths ဒီဂျစ်တယ်ပြခန်းများ🔰

 

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများအပြင်
💟ရန်ကုန်စတော့အိပ်ချိန်း၏ ဒီဂျစ်တယ်ပြခန်း
💟စာရင်းဝင်ကုမ္ပဏီများ (FMI, MTSH, MCB, FPB, TMH Telecom, EFR ) ၏ ဒီဂျစ်တယ်ပြခန်းများ
💟ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ(MSEC,KBZSC,CBSC, KTzRH, UABSC) ၏ ဒီဂျစ်တယ်ပြခန်းများ အစရှိတဲ့ ပြခန်းငယ်များစွာကို EXPO day မှာ ကြည့်ရှု့လေ့လာရင်း မြန်မာနိုင်ငံ၏ အရင်းအနှီး ဈေးကွက် အကြောင်း ကို လေ့လာနိုင်ပါတယ်..

 

🔥🔥🔥 အထူးအစီအစဉ်အနေဖြင့် YSX EXPO 2020 ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အွန်လိုင်းပြပွဲကြီးတွင် စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်လိုသူများအတွက် သက်ဆိုင်ရာ ငွေချေးသက်သေခံလတ်မှတ် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အွန်လိုင်းမှ တဆင့် စတော့ရှယ်ယာ စာရင်းများကို အခမဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ပေးထားပါတယ်

 

🔔🔔🔔 အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းနှင့် Lucky Draw အစီအစဉ်များလည်း ထည့်သွင်းထားပါတယ်…. (အသေးစိတ်ကိုထပ်မံကြေညာပေးသွားပါမယ်။)

 

YSX EXPO 2020 (Online Exhibition and Live Seminar) ကို ဘယ်လိုကြည့်ရှုမလဲ ???

 

♥️YSX EXPO 2020 အွန်လိုင်းပြပွဲကြီးနှင့် (Live) ဆွေးနွေးပွဲများကို အောက်ဖော်ပြပါလင့်ဒ်တွင် ကြိုတင်(Registration) ပြုလုပ်ရုံဖြင့် စက်တင်ဘာလ (၁၂) ရက်နေ့ မှ (၁၃) ရက်နေ့အတွင်း မိမိနေအိမ်တွင် (Stay at Home) နေထိုင်ရင်း မိမိ ကွန်ပျူတာ (သို့မဟုတ်) ဖုန်း (သို့မဟုတ်) Tablet တို့မှတဆင့် လွယ်လင့်တကူ ဝင်ရောက်ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်

 
►►► https://ysx.expo2020.online ◄◄◄
(or)
►►► http://ysx.expo2020.online ◄◄◄
 

အသေးစိတ်သိရှိလိုပါက
♣ ဖုန်းနံပါတ် ၀၁-၃၇၁၂၇၄ နှင့် ၀၉၇၅၈၉၈၁၅၉၁ (သို့)
♣ Yangon Stock Exchange Facebook Chat Box မှ တဆင့် မေးမြန်းနိုင်ပါတယ် …..

#YSXEXPO2020 #Online_Exhibition #Live_Seminar #Investment_Opportunities_with_you

❇️သင့်အတွက် ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းအသစ်များ ဆောင်ကျဉ်းပေးမည့် … ရန်ကုန်စတော့အိပ်ချိန်း ❇️

 

YSX EXPO 2020 (1st Online Exhibition and Live Seminar)

✅YSX EXPO 2020 (1st Online Exhibition and Live Seminar) will be held on 12th and 13th September 2020.
✅Since 2017, Yangon Stock Exchange (YSX) is committed to hold EXPO events annually as a main organizer in order to promote the development of Myanmar Capital Market.
For this year, YSX EXPO 2020 will be held on September 12th and 13th via a web-based digital platform and with digital contents, due to preventing the spread of COVID-19 pandemic.
✅Through this digital platform, we are planning to connect with local investors, business owners as well as foreign investors. There will have digital booths of listed companies and securities companies, interview talk program and live seminar sessions in YSX EXPO 2020 online Exhibition.

♦️ Interview Talk Program ♦️

♦️ In interview talk program with listed companies’ Executives from ♦️
▶️First Myanmar Investment Public Co.,Ltd.(FMI),
▶️Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH),
▶️Myanmar Citizens Bank Limited (MCB)၊ First Private Bank Limited (FPB)၊
▶️TMH Telecom Public Co.,Ltd. (TMH)၊
▶️Ever Flow River Group Public Co., Ltd. (EFR),

♦️ we will cover topics about responsive measurement against COVID-19 in the companies; how they put in place immediate actions within the company to minimize damage arisen from COVID-19 and how they anticipate the post-COVID-19 economic situation in Myanmar.

 

💠 Live Panel Discussions 💠

There will be two live panel discussions of prominent panelists from financial sector of Myanmar.
First part of our live broadcast will cover topics about economic and investment situation and investors’ (both domestic and foreign) emotion and reaction against COVID-19 pandemic crisis.
Second part will cover topics about situation of foreigners’ participation in Myanmar capital market.

💠 Digital Booths  💠

♦️ In addition, there will be digital exhibition booths of Yangon Stock Exchange, listed companies (FMI, MTSH, MCB, FPB, TMH Telecom, EFR) and securities companies (MSEC, KBZSC, CBSC, KTzRH, UABSC).

 

♦️ As a special program, investors can open online securities trading account via this platform with respected Securities companies with Free of Charges. Moreover, Lucky draw program also included and those announcement will be published later on.

 

How to register YSX EXPO 2020 (Online Exhibition and Live Seminar)?

Everyone can easily access YSX EXPO 2020 (Online Exhibition and Live Seminar) by registering at the link below and  log in to enter with your computer or phone or tablet on 12th to 13th September during stay at home.

►►► https://ysx.expo2020.online ◄◄◄
(or)
►►► http://ysx.expo2020.online ◄◄◄

For more information, kindly contact us;

Phone: 01-371274, 09758981591 (or) chat box

<https://www.facebook.com/ysx.myanmar/inbox>

 

…..

#YSXEXPO2020# Online Exhibition# Live Seminar#Investment_Opportunities_with_you

Yangon Stock Exchange
Market Promotion Department
Tel: +95-01-371274,09758981591
Email: promotion@ysx-mm.com