Home > Notice> notice-31052021_02

Notice


31st May 2021

Announcement of the Base Price (AMATA)

The base price of Amata Holding Public Co., Ltd. (00007), which will be listed on YSX on 3rd June, 2021, its upper and lower limit price, and the tick size of the listing date are as follows:

* Base price : MMK 4,500
* Upper limit price    :    MMK 5,500
* Lower limit price    :    MMK 3,500
* Tick size                 :    MMK 100

 
“Base price” is the price to determine the “upper and lower limit price” of the day. The price is not intended to mean a kind of predetermined or anticipated matching price.
 
Investors may place a “Limit order” at any price between the upper and lower limit price or “Market order” not to name the price for gaining priority to buy or sell a stock.
 
If investors place a Market order, it does not mean it will always be matched at the base price. It can be matched between the upper and lower limit price based on the balance of supply and demand.

 

[Unicode]

“အခြေခံစျေးနှုန်း ထုတ်ပြန်ကြေညာချက်”

 

၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာမည့် အမတဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (၀၀၀၀၇) ၏ စာရင်းဝင်မည့်နေ့ရက်ရှိ အခြေခံစျေးနှုန်း၊ အမြင့်ဆုံး/အနိမ့်ဆုံးစျေးနှုန်းသတ်မှတ်ချက် နှင့် တစ်ချက်ခုန်စျေးနှုန်း တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

* အခြေခံစျေးနှုန်း :     မြန်မာကျပ် ၄,၅၀၀
* အမြင့်ဆုံး စျေးနှုန်းသတ်မှတ်ချက် : မြန်မာကျပ် ၅,၅၀၀
* အနိမ့်ဆုံး စျေးနှုန်းသတ်မှတ်ချက် :     မြန်မာကျပ် ၃,၅၀၀
* တစ်ချက်ခုန်စျေးနှုန်း :     မြန်မာကျပ် ၁၀၀

 

အခြေခံစျေးနှုန်း (Base Price) ဆိုသည်မှာ အရောင်းအဝယ်ပြုလုပ်သည့် နေ့ရက်တစ်ရက်ရှိ အမြင့်ဆုံးဈေးနှုန်း (Upper Limit Price) နှင့် အနိမ့်ဆုံးဈေးနှုန်း (Lower Limit Price) သတ်မှတ်ချက်ကို ဆုံးဖြတ်နိုင်ရန်အတွက် ဖြစ်ပါသည်။ ယင်းစျေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော သို့မဟုတ် မျှော်မှန်းထားသော အရောင်းအဝယ်ဖြစ်သည့် စျေးနှုန်းအဖြစ် အဓိပ္ပါယ်သက်ရောက်စေရန် မရည်ရွယ်ပါ။

 

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမြင့်ဆုံးနှင့် အနိမ့်ဆုံး စျေးနှုန်းသတ်မှတ်ချက်အတွင်းရှိ မည်သည့် စျေးနှုန်းနှင့်မဆို “ကန့်သတ်ဈေးနှုန်းအမှာစာ” ကို တင်နိုင်သကဲ့သို့ စတော့အရောင်းဖြစ်စေ၊ အဝယ်ဖြစ်စေ ဦးစားပေးခြင်းခံရသော စျေးနှုန်းသတ်မှတ်စရာမလိုသည့် “စျေးကွက်ပေါက်စျေးအမှာစာ” ကိုလည်း ပေးပို့နိုင်ပါသည်။

 

အကယ်၍ ရင်းနှီးမြှုပ်နှံသူများမှ စျေးကွက်ပေါက်စျေးအမှာစာအဖြစ် သတ်မှတ်ထားပါက ယင်း အမှာစာသည် အခြေခံစျေးနှုန်း၌သာ အမြဲတမ်းအရောင်းအဝယ်ဖြစ်မည်ဟု မှတ်ယူ၍ မရနိုင်ပါ။ ဝယ်လိုအားနှင့် ရောင်းလိုအားပေါ်မူတည်၍ အမြင့်ဆုံးနှင့် အနိမ့်ဆုံး စျေးနှုန်းသတ်မှတ်ချက်အတွင်းရှိ စျေးနှုန်းတရပ်၌သာ အရောင်းအဝယ်ဖြစ်နိုင်မည် ဖြစ်ပါသည်။

 

Contact:

Listing and Trading Participant Department
Tel: (+95)-1-371167