Notice
13th July 2026
Share Splitting of ASPGB Shares
*Since ASPGB has made an announcement of share splitting into twenty (20) shares for existing (1) share and “Record Date” for share splitting is as of 30th July 2026, and the last day to trade is on 24th July 2026, given that YSX hereby notify the schedule for share splitting of ASPGB.
*The last day of trade with pre-split is 24th July 2026.
*There will be no trade suspensions at all.
*ASPGB’s share will be traded with new base price on Ex-date (27th July).
*The split shares will be credited on a Split Payable Date (31st July) to shareholders of record at the close of business on a Record Date.
❖The respective dates for each event are mentioned with graph as below for easy understanding.
ASPGB ၏ အစုရှယ်ယာများအား ခွဲခြမ်းခြင်း (Share Splitting) ကြေညာချက်
*ASPGB သည် လက်ရှိ ရှယ်ယာ (၁)စုကို ရှယ်ယာ (၂၀) စုအဖြစ် ခွဲခြမ်းမှု (share split) ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်တွင်၊ ရှယ်ယာခွဲခြမ်းရန် မှတ်တမ်းယူမည့်နေ့ “Record Date” ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့အဖြစ် သတ်မှတ်ထားပါသည်။ သို့ဖြစ်ပါ၍ ASPGB ၏ ရှယ်ယာခွဲခြမ်းခြင်းဆိုင်ရာ အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
*လက်ရှိရှယ်ယာများအတွက် နောက်ဆုံးအရောင်းအဝယ်ပြုလုပ်မည့်ရက်မှာ ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့ ဖြစ်ပါသည်။
*အစုရှယ်ယာ အရောင်းအဝယ်များအား ရပ်ဆိုင်းထားခြင်းမရှိပါ။
*ရှယ်ယာခွဲခြမ်းပြီး အခြေအနေဖြင့် အရောင်းအဝယ် ပြုလုပ်မည့်နေ့ (Ex-date)ဖြစ်သော ဇူလိုင်လ (၂၇) ရက်နေ့ တွင် ASPGB ရှယ်ယာများကို အခြေခံစျေးနှုန်း အသစ် (new base price) ဖြင့် အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ပါသည်။
*မှတ်တမ်းယူသည့်နေ့ “Record Date” ရှိ ရှယ်ယာရှင်များအတွက် ခွဲခြမ်းပြီးသော ရှယ်ယာ များကို ရှယ်ယာခွဲခြမ်းပေးဝေးမည့်နေ့ “Split Payable Date” ဇူလိုင်လ (၃၁) ရက်နေ့ တွင် ရှယ်ယာရှင်များ၏ ငွေကြေးသက်သေခံလက်မှတ် စာရင်းများသို့ ထည့်သွင်းပေးမည် ဖြစ်ပါသည်။
❖ရှယ်ယာ ခွဲခြမ်းထုတ်ဝေပေးမည့် အစီအစဉ် နှင့် ပတ်သက်သည့် သက်ဆိုင်ရာ ရက်စွဲများကို အောက်ပါ ပုံတွင်ကြည့်ရှု့နိုင်ပါသည်။

Contact:
Market Department
Yangon Stock Exchange Joint-Venture Co., Ltd.
Tel: (+95)-1-371167