Home > Seminar & Events > event-16122019

Seminar & Events


20th December, 2019

[Unicode]

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ဖြစ်ရန် သင့် ကုမ္ပဏီ အဆင်သင့် ဖြစ်နေပြီလား

 

🎄ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီအရေအတွက် တိုးပွားလာစေရန်နှင့် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ခြင်းဖြင့် ကုမ္ပဏီများမှရရှိနိုင်မည့် အကျိုးကျေးဇူးများကို ပိုမိုသိရှိလာနိုင်စေရန် ရည်ရွယ်လျက် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်၊ သောကြာနေ့၊ နေ့လည် (၁:၃၀) နာရီ မှ ညနေ (၄:၀၀) နာရီအထိ ရန်ကုန်စတော့အိပ်ချိန်း ခန်းမ၌ စိတ်ပါဝင်စားသော ကုမ္ပဏီများအား ဖိတ်ကြား၍ “ Why should Myanmar Companies list on YSX” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်အား ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

 

🎄ပွဲအစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
နေ့ရက်။ ။ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် (သောကြာနေ့)။
အချိန် ။ ။ နေ့လည် ၁း၃၀ မှ ညနေ ၄း၀၀ အထိ။
နေရာ ။ ။ ရန်ကုန်စတော့အိပ်ချိန်းရုံး။
အမှတ် ၂၄-၂၆၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

 

🎄ယခု ဆွေးနွေးပွဲကို အပိုင်း (၃)ပိုင်းဖြင့် ကျင်းပသွားမည် ဖြစ်ပြီး-

(၁)“Capital Markets in Myanmar – Legal Due Diligence and Preparation for Listing” ခေါင်းစဉ်ဖြင့် Allen and Gledhill (Myanmar) မှ Senior Foreign Associate ဖြစ်သူ Mr. Clement Chee မှ လည်းကောင်း၊

(၂) “Role of a Securities Company in IPO/Listing” ခေါင်းစဉ်ဖြင့် Myanmar Securities Exchange Center (MSEC) မှ Manager of Investment Banking ဖြစ်သူ ဦးထက်ဝင်းလတ် (ခေါ်) Vinay မှ လည်းကောင်း၊

(၃) “Why should Myanmar Companies list on YSX” ခေါင်းစဉ်ဖြင့် Yangon Stock Exchange မှ Head of Department ဖြစ်သူ ဦးပြည့်ဖြိုးအောင် မှ လည်းကောင်း၊

ဆွေးနွေးတင်ပြကြမည် ဖြစ်ပါသဖြင့် မိမိတို့၏ ကုမ္ပဏီများ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ရန် အဆင့်သင့် ဖြစ်နေပြီလားဆိုတာကို သိရှိနိုင်တော့မည် ဖြစ်ပါ၍ ပြည်တွင်းပြည်ပမှ ကုမ္ပဏီများအား ယခု ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

 

🎄စာရင်းပေးသွင်းရန် => ဒေါ်မေသူရိန်ထက် (ဖုန်း 01-371274, 09-251169347)

 
 
 

Why should Myanmar Companies list on YSX

🎄In order to increase number of listed companies at YSX and to promote the growth of business enterprises in Myanmar, YSX is planning to hold a seminar for potential listed companies for better understanding about listing procedure and benefits of the companies once the public companies are listed on the bourse by sharing Legal Procedure, Listing Procedure and Role of Securities companies for IPO and listing with providing necessary insights and fulfil the gap between companies and related firms during the listing process.
 
🎄 Detail agenda will be as follow;
Date : Friday, 20th December, 2019
Time : 1:30 pm to 4:00 pm
Venue : Yangon Stock Exchange, Grand Ballroom
No. 24-26, Sule Pagoda Road, Kyauktada Township, Yangon, Myanmar
 
🎄 There will be three presentations session by each presenter:

(1) Mr.Clement Chee, Senior Foreign Associate of Allen and Gledhill (Myanmar) who will present about “Capital Markets in Myanmar – Legal Due Diligence and Preparation for Listing” .
(2) U Htet Win Latt@ Vinay, Manager of Investment Banking , Myanmar Securities Exchange Center (MSEC) who will present about “Role of a Securities Company in IPO/Listing” .
(3) U Pyae Phyo Aung, Head of Department , Listing and Trading Participant Department ofYangon Stock Exchange (YSX) who will present about “Why should Myanmar Companies list on YSX”.
 
🎄 Therefore, we cordially invited to companies (both local and foreign)
to join this occasional event in order to have a readiness to your company to be as a Listed companies in YSX.
 
🎄 RSVP: Daw May Thu Rein Htet (01-371274, 09-251169347)

 

Sincerely,

Market Promotion Department

Yangon Stock Exchange Joint-Venture Co., Ltd
No. 24-26, Sule Pagoda Road, Kyauktada Township, Yangon, Myanmar
01-371274,01-371276,01-371167