Home > Seminar & Events > event-30052020

Seminar & Events


22nd May, 2020

YSX Live Talk Program;
(Reshaping business trend of logistic industry in Myanmar Economy with COVID-19)
 

With a aim to share about the logistic and supply chain industry which will become an important industry in Myanmar to investors during stay at home period, YSX Live Talk Progrm will be held with speakers from Ever Flow River Group Public Co., Ltd, Chairman, U Kyaw Lwin and Myanmar Thilawa SEZ Holding Public Co.,Ltd.(MTSH),Chief Exective Officer,U Myint Zaw. U Thet Tun Oo, senior executive manager of the Yangon Stock Exchange, will host as a moderator.
 
In the Live Program, key aspects of the logistics and supply chain industry in Myanmar will be disucssed mainly with the theme title of “Reshaping business trend of logistic industry in Myanmar Economy with COVID-1”.
 
The Live Program will be held on May 30, 2020 at 1:30 pm. Live Stream will be broadcasted via the Yangon Stock Exchange Facebook Page.
 
Anyone who are interested will be able to watch live on YSX Facebook Page.

 

ကမ္ဘာကပ်ရောဂါဖြစ်နေသော COVID-19 ကာလအတွင်း မြန်မာ့စီးပွားရေးတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်လာမည့် ထောက်ပံ ပို့ဆောင်ရေးကဏ္ဍ (logistic industry) အကြောင်းအား စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ (Stay at Home) တွင် နေထိုင်ရင်း သိရှိနိုင်စေရန် အတွက် ရန်ကုန် စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများ ဖြစ်ကြသော Ever Flow River Group Public Co., Ltd. (EFR) မှ ဥက္ကဌ ဖြစ်သူ ဦးကျော်လွင်ဦး နှင့် Myanmar Thilawa SEZ Holdings Public Co.,Ltd. (MTSH)မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမြင့်ဇော်တို့မှ ပါဝင်ဆွေးနွေး သွားမည် ဖြစ် ပြီး၊ ရန်ကုန် စတော့အိပ်ချိန်းမှ အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးမှ Moderator အဖြစ် ပါဝင်ဆောင်ရွက်သွား မည်ဖြစ် ပါသည်။

 

ဆွေးနွေးပွဲအား (Reshaping business trend of logistic industry in Myanmar Economy with COVID-19) ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးလှသော ထောက်ပံပို့ဆောင်ရေးကဏ္ဍ၏ ရှေ့အလားအလာများနှင့် COVID-19 ကာလအတွင်း လှုပ်ရှား ပြောင်းလဲမှုများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

 

ဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ် မေလ (၃၀) ရက်နေ့ (စနေနေ့)၊ နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန်တွင် Yangon Stock Exchange Facebook Page မှ တဆင့် တိုက်ရိုက် Live Stream ထုတ်လွှင့်ပေးမည်ဖြစ်ပါသည်။

 

ယခုဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို YSX Facebook Page တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 

ပွဲ အစီအစဉ်:


Date: Thursday, 30th May, 2020
Time: 1:30 pm
Venue: Yangon Stock Exchange Hall (24-26, Sule Pagoda Road, Kyauktada Township, Yangon)

အသေးစိတ်သိရှိလိုပါက ဖုန်း 09-251169347 သို့မဟုတ် YSX Facebook Chat Box မှ မေးမြန်းနိုင်ပါသည်။
COVID-19 ကပ်ရောဂါကြီးမှ ကင်းဝေးပြီး ကျန်းမာချမ်းသာ ကြပါစေလို့ YSX မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

 

 

Sincerely,

Market Promotion Department

Yangon Stock Exchange Joint-Venture Co., Ltd
No. 24-26, Sule Pagoda Road, Kyauktada Township, Yangon, Myanmar
01-371274,01-371276,01-371167