Home > Notice> notice-11012016_01

Notice


11th January 2016

Yangon Stock Exchange (ရန်ကုန်စတော့အိပ်ချိန်း) အမည်နှင့်အမှတ်အသားများအား ခွင့်ပြုချက်မရရှိဘဲ Facebook စာမျက်နှာများတွင် အသုံးပြုနေခြင်းကို တားမြစ်ခြင်း

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်း၊ အမှတ် – ၂၄/၂၆ တွင် ရုံးခန်းဖွင့်လှစ်ထားသော Yangon Stock Exchange Joint- Venture Co., Ltd သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့၊ ဂျပန်အိပ်ချိန်းအဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရန်ကုန်စတော့အိပ်ချိန်းကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး တွင်လည်း အောက်ပါကုမ္ပဏီအမှတ်တံဆိပ်ကို မှတ်ပုံတင်အမှတ်- ၁၃၇၃၈/ ၂၀၁၅ (၂၆-၁၀-၂၀၁၅) ဖြင့် မှတ်ပုံတင်သွင်း ထားပြီး ဖြစ်ပါသည်။

   YSX Final Logo Logo (Yangon Stock Exchange) copy

ယခုအခါ လူမှုကွန်ယက်အင်တာနက်စာမျက်နှာများတွင် Yangon Stock Exchange (ရန်ကုန်စတော့အိပ်ချိန်း) အမည်နှင့် အမှတ်အသားများအား ခွင့်ပြုချက်မရှိဘဲ Facebook Account များ ဖွင့်လှစ်၍ အများပြည်သူ ထင်ယောင် ထင်မှား ဖြစ်စေမည့် သတင်းများထုတ်လွှင့်ပြီး တရားမဝင်အသုံးပြုလျက်ရှိကြောင်း တွေ့ရှိနေရပါ သည်။

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေပုဒ်မ-၅၅ (ဂ) တွင် “မည်သူမျှ ခွင့်ပြု မိန့်ရရှိထားသော ကောင်တာဈေးကွက် (သို့မဟုတ်) စတော့အိပ်ချိန်း၏အမည်ကို ခွင့်ပြုချက်မရရှိဘဲ အသုံးမပြုရ (သို့မဟုတ်) ကောင်တာဈေးကွက်တွင် (သို့မဟုတ်) စတော့အိပ်ချိန်း၏ အဖွဲ့ဝင်အဖြစ် အယောင်ဆောင် ခြင်းမပြုရ” ဟု တားမြစ်ထားပြီး ပုဒ်မ-၆၁ အရ “မည်သူမဆို ပုဒ်မ-၅၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်စေရမည်” ဟု အတိအလင်း ပြဌာန်းထားပါသည်။

သို့ဖြစ်ပါ၍ ခွင့်ပြုချက်မရဘဲ Yangon Stock Exchange (ရန်ကုန်စတော့အိပ်ချိန်း) အမည်နှင့် အမှတ်အသား များကို အသုံးပြုလျက်ရှိသော Facebook Account များအား deactivate ပြုလုပ်ပေးပါရန်နှင့် အထက်ဖော်ပြပါ Yangon Stock Exchange (ရန်ကုန်စတော့အိပ်ချိန်း) အမည်နှင့် အမှတ်အသားများအား ခွင့်ပြုချက်မရရှိဘဲ မည်သူမဆို အသုံးပြု ခြင်း တစ်စုံတစ်ရာ မပြုလုပ်ကြပါရန် တားမြစ်အပ်ပါသည်။

လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း အများသိစေရန် အသိပေးအပ်ပါသည်။

ညွှန်ကြားချက်အရ-

ဦးဇော်ဇော်ဝင်း (LL.B)
တရားလွှတ်တော်ရှေ့နေ (စဉ်-၅၆၃၆/၉၁)
ဖုန်း-၀၉-၅၁၉၄၉၉၈၊ ၀၉-၇၉၅၁၉၄၉၉၈
ဦးထွန်းသာမောင် (LL.B)
တရားလွှတ်တော်ရှေ့နေ (စဉ်-၅၃၇၀/၉၀)
ဖုန်း-၀၉-၅၀၇၉၆၀၀၊ ၀၉-၇၉၅၀၇၉၆၀၀
အမှတ်၊၅၅/၂၃(တ)ထပ်၊မဟာဗန္ဓုလပန်းခြံလမ်း ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။